တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကို ၃-၇-၂၀၂၆ ရက် ၊ နံနက် ၉:၀၀ နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများဘဝမြှင့်တင်ရေးအဖွဲ့တို့မှအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့် ထူးချွန်ဆုရအမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ နှင့် ဝိဇ္ဇာဘာသာတွဲတို့၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း အမှတ်အများဆုံးရရှိခဲ့သည့် ထူးချွန်အမျိုးသမီး(၃)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  (၆၆) ကီလိုတန်း၊ (၅၇) ကီလိုတန်း၊ (၅၄)ကီလိုတန်းလက်ဝှေ့ပြိုင်ပွဲတို့တွင် ကြေးတံဆိပ်ဆုရရှိသည့် ထူးချွန်အမျိုးသမီး(၃)ဦး အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၈) ဖြာမင်္ဂလာကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့် သီလဗဟုသုတပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထူးချွန်အမျိုးသမီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ မူလတန်းအဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထူးချွန်အမျိုးသမီးတို့အားလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့မှတ်တမ်း ဗီဒီယိုပြသခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို နံနက် ၉:၄၅  နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 





နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ပြုလုပ်ကျင်းပသည့် မြန်မာအမျိူးသမီးများနေ့ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တက်ရောက်

MOS

DSW

DDM

DOR