၂၀၂ ခုနှစ်၊ ဇူလိုင်လ ()ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ၃-၇-၂၀၂၆ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရန်နှင့် စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုအလေးထားဂုဏ်ပြုသည့်အနေနှင့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပပေးလျက်ရှိသလို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ဂုဏ်ပြုအခမ်းအနားများ ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ပြည်နယ်အတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများ၊ မဟာဗျူဟာများချမှတ်ပြီး ဦးစားပေး ကဏ္ဍတစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအမျိုးသမီးကော်မတီနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီအသီးသီး၏ လုပ်ငန်းစဉ်များသည် နိုင်ငံတော် အနာဂတ်အတွက်အရေးပါသည့် လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ Video Clip အား  ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ က “လှမ်းလာခဲ့ပါကယားမြေ” သီချင်းဖြင့်လည်းကောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) မှ ကျောင်းသူလေးများက အလှကမ္ဘာမြေ သီချင်းဖြင့် လည်းကောင်း၊သူနာပြုသိပ္ပံ (လွိုင်ကော်) မှ ကျောင်းသူလေးများက “ဣတ္ထိယပန်းခင်း” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေသည့်အဖွဲ့များအား  ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ် အသီးသီးကလက်ခံရယူခဲ့သည်။ ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့်အဖွဲ့များအား ဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး အထိမ်းအမှတ်နေ့ ခင်းကျင်းပြသထားသည့် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးက မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ပြုလုပ်ကျင်းပသည့် မြန်မာအမျိူးသမီးများနေ့ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တက်ရောက်

MOS

DSW

DDM

DOR