စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ           စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊  ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ရာ တက်ရောက်သူ စုစုပေါင်း (၉၇)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘိုးဘွားရိပ်သာ(၇)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁)ကျောင်း၊ စေတနာမူလတန်းညကျောင်း(၂) ကျောင်း၊ လူငယ်ရိပ်သာ(၁)ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကို ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ကိုယ်စား  ကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR