၁၀.၇.၂၀၂၆ ရက်၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူရုံး အစည်းအဝေးခန်းမ၌ မကွေးခရိုင်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် မကွေးခရိုင် အမျိုးသမီးကော်မတီ အစည်း အဝေးအား မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မကွေးခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ဒေါ်အေးအေးသင်း၊ ဒုတိယညွှန်ကြားရေးမှူးကဦးဆောင်၍ ခရိုင်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။











