ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များနှင့်မိဘများ၊ စုစုပေါင်းအင်အား (၃၂၇)ဦး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခဲ့ကာ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဧည့်သည်တော်များအား တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ ကပြဖျော်ဖြေမှုများအား ပြည်နယ်ဝန်ကြီးချုပ်က ရင်သွေးငယ်များကိုယ်စား ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းနှင့် NHP ပုဂ္ဂလိကမူလတန်းကြိုကျောင်းတို့မှ ဆရာမများအားလည်းကောင်း၊ ပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ရင်သွေးငယ်များကိုယ်စား HCIS ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် ဘားအံမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ရင်သွေးငယ်လေးများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်အမျိုးသမီးရေးရာအသင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ Karen Women Empowerment Group (KWEG) နှင့် Women’s Organization Network(WON) တို့မှ ခင်းကျင်းရောင်းချသော ဒေသထွက် ပစ္စည်းများအား လှည့်လည်ကြည့်ရှု့ဝယ်ယူအားပေးခဲ့ကြပါသည်။










