၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို (၂၀.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် အမှတ်(၄၉)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ဦးအောင်ဝင်းသိန်းနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာဥက္ကဌနှင့်အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်မှူးများ၊ ဌာနငယ်/သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ အကြိုအားကစားလှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသူများ စုစုပေါင်း (၂၆၃)ဦးတက်ရောက်ခဲ့ကြပါသည်။

   အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များနှင့်  ဌာနငယ်/သင်တန်းကျောင်းအသီးသီးမှ ကလေးများက ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

   ထို့နောက် အကြိုလှုပ်ရှားမှုအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့်ကလေးများအား  ရန်ကုန်တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆုများချီးမြှင့်ခြင်းနှင့် ဖျော်ဖြေရေးတွင်ပါဝင်ခဲ့ကြသည့် ကလေးများအား တာဝန်ရှိသူအဆင့်ဆင့်မှ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး နေ့လည်(၁၂:၀၀)နာရီတွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂ဝ) ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ထိဖွင့်လှစ်ဆောင်ရွက်သည့် “မျက်မမြင်လက်စမ်းစာ အရေး၊ အဖတ် (၃) လ” သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
(၁၉) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌတို့ ပါဝင်တက်ရောက်ခြင်း
လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်အဖြစ် ပြုစုထုတ်ဝေမည့် လူမှုဝန်ထမ်းဦးစီးဌာန သမိုင်းမှတ်တမ်းစာအုပ်ရေးသားပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ ကျင်းပဖွင့်လှစ်သော "ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားအား ပြည်သူသို့အသိပညာပေးခြင်းသင်တန်း"
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR