ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ (၃၅) နှစ်မြောက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အကြို လှုပ်ရှားမှုအခမ်းအနားအား ၁၉.၁၁.၂၀၂၄ ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁၅:၀၀ နာရီအချိန်တွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌများနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌမှ အဖွင့်မှာစကားပြောကြားခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာလ(၂၀) ရက်နေ့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာကလေးများနှင့် သက်ဆိုင်သည့်အခန်းကဏ္ဍအလိုက် လုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးပြီး အနာဂတ်ရဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေလို့ဆန္ဒပြုရင်း ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် Listen To The Future "အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး" ဆောင်ပုဒ်နှင့်အညီ ကလေးများအပေါ် ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကလေးပြုစုရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းများမှ သားငယ်သမီးငယ်လေးများက သီချင်းကဗျာများ၊ အကပဒေသာများဖြင့် ပါဝင်ဖျော်ဖြေမှုကို ကြည့်ရှု့အားပေး၍ လက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ညနေ ၁၇:၀၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR