ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ကရင်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်မသန်စွမ်းအားကစားသမားများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း (၃၂၀)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မသန်စွမ်းအားကစားသမားများမှ ဘီးတပ်ကုလားထိုင်အပြေး၊ ၂၅ မီတာ လမ်းလျှောက်(ကျား)၊ ၂၅ မီတာခြေတစ်ဖက်ခုန်အပြေး(မ)၊ ၂၅ မီတာခြေတစ်ဖက်ခုန်အပြေး(ကျား)၊ မီတာ ၅၀ အပြေး(မ)၊ မီတာ ၅၀ အပြေး(ကျား)၊ မီတာ ၁၀၀ အပြေး(ကျား)၊ အာလူးကောက်၊ ဘောလုံးပုတ်၊ ဘိုးလင်း(ကလေး)၊ သံလုံးပစ်(ကျား)၊ သံလုံးပစ်(မ)၊ မီတာ ၁၀၀ အပြေး(ကလေး)၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်(မ)၊ ကြက်တောင်(ကျား)၊ စားပွဲတင်တင်းနစ်စသည့် အားကစားနည်း (၁၇)နည်းအား ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များမှ အားပါးတရ အားပေးခဲ့ကြပြီး ဆုရရှိသူများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။

  


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR