လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးလုပ်ငန်း စီမံချက်အား ပြည်ထောင်စုအဆင့် အဓိကဆက်စပ်ဌာနဆိုင်ရာများမှ အဆင့်မြင့်အရာထမ်းများ အနေဖြင့် ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့်ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ သိမြင်နားလည် သဘောပေါက်စေရန်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်  ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်အရာထမ်းများအား ဦးတည်အုပ်စုအလိုက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန်၊ မိမိလုပ်ငန်းနယ်ပယ်အလိုက် တာဝန်ရှိမှုများကို သိမြင်နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆင့်ရှင်းလင်းပို့ချနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား (၂၈.၄.၂၀၂၂) ရက်နေ့၊ နံနက် ၁၀:၀၀ တွင် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်  ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနခွဲအလိုက် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများက လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော သိသင့်သိထိုက်သည့် အခြေခံဗဟုသုတများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြပါသည်။  ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးများက စီမံချက်ပါ အသိပညာပေးလုပ်ငန်းစဉ်များအား ဆက်စပ်ဌာနဆိုင်ရာများမှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာထမ်းများမှ ရှင်းလင်းမြင်သာစွာသိရှိပြီး ပြည်သူလူထူအား ထပ်ဆင့်မျှဝေနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR