လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၇-၁၁-၂၀၂၃)ရက်နေ့တွင် ဗိုလ်တ‌ထောင်မြို့နယ်၊ အ.ထ.က(၆) အခြေခံပညာ အထက်တန်း‌ကျောင်း၌ သဘာဝဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိသည့် ဘေးအမျိုးအစားဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ခံစားရလွယ်မှု အများဆုံးသော ဘေးအန္တရာယ်အမျိုးအစား ဖြစ်ပါသည်။ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ် တစ်ခုအတွက် ပြင်ဆင် ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန် ဘေးအန္တရာယ် ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန် များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန်၊ inclusiveness (ထိခိုက်လွယ် အုပ်စု) များကို ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ငလျင်ဘေး အန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ကျောင်းအုပ်ဆရာမ ကြီးနှင့်ဆရာမများ၊ ကျောင်းသား/ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုအဖွဲ့များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ စုစုပေါင်းအင်အား (၂၁၅)ဦးဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR