လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်   (၃၀-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊မ​လေးရှားဝိုင်ကျေးရွာအုပ်စု၊ရေစက်တောင်ကျေးရွာတွင်တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀,၀၀ဝိ/-)၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝိ/-)အားလည်းကောင်း၊  (၃၁-၈-၂၀၂၂)ရက်နေ့ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀,၀၀ဝိ/-)၊  လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝိ/-)အားလည်းကောင်း၊ (၁-၉-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊  လူဦးရေ (၇)ဦး အတွက် ဆန်ရိက္ခာထောက်ပံ့ဖိုးငွေ(၁၄,၇၀ဝိ/-) အား လည်းကောင်း (၉-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီးတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်းကြားမှုယန္တရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR