လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၈-၄-၂၀၂၅)ရက်နေ့၊ (၁၄:၃၅)နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ကျောက်တန်း မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ကွင်းအမှတ် (၆၃၄-စီ)၊ ရေကျော်တောင်ကွင်းတွင် လေပွေတိုက်ခတ်မှု ကြောင့်   တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုရှိ လူဦးရေ (၁၀)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့်  အဆိုပါ လေဘေးသင့်ပြည်သူများအတွက်  လူဦးရေ (၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၀,၀၀ဝိ/-)၊  တစ်စိတ်တစ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) တို့အား (၂၄-၄-၂၀၂၅) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR