၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ ရက်နေ့ နေ့လည် ၁၃း၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်၂၃၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW  အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က ဉီးဆောင်ကျင်းပရာ ဝန်ကြီးဌာနအသီးသီးနှင့် အဖွဲ့အစည်းမျာမှ အစီရင်ခံစာ ရေးသားရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် CEDAW  အစီရင်ခံစာရေးသားရခြင်း အကြောင်းအရင်းသည် အမျိုးသမီး များနှင့် မိန်းကလေးငယ်များ၏ ရပိုင်ခွင့်များအတွက်  အဖွဲ့၀င်နိုင်ငံများမှ လိုက်နာဖြည့်ဆည်း ရမည့် လူ့အခွင့်အရေး ဥပဒေသများ၊ သဘောတရားများ လုပ်ဆောင်မှုနှင့် တာ၀န်၀တ္တရား များအတွက် စံနှုန်းများကို သတ်မှတ်ပြဌာန်းထားသည့် နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်တစ်ခုဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံသည်  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပုဒ်မ(၁၈)အရ UNCEDAW ကော်မတီသို့ အစီရင်ခံစာများကို ()နှစ် တစ်ကြိမ်တင်သွင်းရပါကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးက အမျိုးသမီးစွမ်းပကား မြှင့်တင်ပေးရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ချက် များကို ရေးသားရေး အဖွဲ့ဝင်များသိရှိစေရန်၊ UNCEDAW ကော်မတီမှ မေးမြန်းလာနိုင်သည့် မေးခွန်းများအတွက် ပြင်ဆင်ထားနိုင်ရန်နှင့် သတ္တမအကြိမ်မြောက် CEDAW အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှုးက ဆဋ္ဌမအကြိမ် မြောက် CEDAW အစီရင်ခံစာရေးသားရေးအဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ UNCEDAW ကော်မတီ၏ အကြံပြုသုံးသပ်ချက်များအပေါ် မူတည်၍ ဌာနဆိုင်ရာများမှ ရရှိသောအချက်အလက်များကို ရေးသားရေးအဖွဲ့နှင့် အကြိမ်ကြိမ် ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်၍ပြင်ဆင်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဥပဒေရေးရာဝန်ကြီးဌာနကို သဘောထားမှတ်ချက်များရရှိပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလမ်းညွှန်မှုခံယူ၍ တိုင်းရင်းသားရေးရာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဝန်ဆောင်မှုရေးရာကော်မတီနှင့် အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် UNCEDAW ကော်မတီသို့ တင်သွင်းနိုင် ကြောင်း၊ ယခင်တင်သွင်းခဲ့သည့် CEDAW အစီရင်ခံစာများအပေါ် UNCEDAW ကော်မတီ ဝင်များ၏ မေးမြန်းခဲ့သည့်မေးခွန်းများ၊ ဖြေဆိုခဲ့မှုများ ကိုတင်ပြခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာ ဖြေဆိုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် သတ္တမအကြိမ်မြောက် CEDAW အစီရင်ခံစာ (မူကြမ်း) ရေးသားထားသည့်အပေါ်  ဌာနဆိုင်ရာများမှ ရေးသားရေးအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြပါသည်။ 



နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR