1.  

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃) ရက်နေ့ (၁၅း၃၀)တွင် မိုးသည်းထည်စွာရွာသွန်း၍ ဒုံသမိချောင်းရေ (၉)ပေမြှင့်တက်မှုကြောင့် မြေနိမ့်ပိုင်းလူနေအိမ်များသို့ ရေ (၄)ပေခန့် ချောင်းရေများဝင်ရောက်လာ၍ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ပြောင်းရွှေ့အိမ်ထောင်စု (၂၂)စုတို့မှ ကျား (၄၈)ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၉၄)ဦးတို့သည် ရွာလယ်ဓမ္မာရုံ၌လည်းကောင်း၊ ပြောင်းရွှေ့အိမ်ထောင်စု (၁၉)စုတို့မှ ကျား (၄၂)ဦး၊ မ (၄၄)ဦး၊ စုစုပေါင်းလူဦးရေ (၈၆)ဦးတို့သည် ရေလယ်ဘုန်းကြီးကျောင်း၌လည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၄၁)စု၊ ကျား (၉၀)ဦး၊မ (၉၀)ဦး၊ စုစုပေါင်းလူဦးရေ (၁၈၀)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၇၈,၀၀၀/)အား (၄-၈-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

    Source: DDM


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR