ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအကြား သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တို့နှင့်စပ်လျဉ်းသည့် အခြေခံသဘောတရား လုပ်ငန်းအစီအစဉ်များ ဆောင်ရွက် ပုံနည်းလမ်းများ၊ အတွေးအမြင်၊ ဗဟုသုတစသည်တို့ကိုသိရှိနားလည်ပြီး စွမ်းဆောင်ရည်ပိုမို ပြည့်ဝ လာစေရန်ရည်ရွယ်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ (Talk show) အစီအစဉ်ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။            

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ(Talk Show) အစီအစဉ်တွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်တောင်စုဝန်ကြီး၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် Operational Excellent ဖြစ်စေရန် ရည်ရွယ်၍ ယခုလို စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ဒုတိယအကြိမ် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်သို့ တက်ရောက်ကြသည့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတို့ကို သိရှိ နားလည်နိုင်ရေးအပြင် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ အတွေ့အကြုံတို့ကိုလည်း သိရှိနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပသို့သွားရောက်သည့်အခါဖြစ်စေ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးပြောကြားနိုင်သည့် စွမ်းဆောင်ရည်မြင့်တက်လာနိုင်မည်ဖြစ် ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် ပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိကိုယ်မိမိယုံကြည် မှုတို့ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြင့်မားရေးအစီအစဉ်တို့ကို ယခုလို Talk Show အစီအစဉ်အပြင် Workshop တို့ကိုပါ ပြုလုပ် သွားမည် ဖြစ်သောကြောင့် သေချာစွာလေ့လာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းအဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးစကားဝိုင်ဆွေးနွေးပွဲ(Talk Show) ကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဆွေးနွေး သူနှင့် ပါဝင်ဆွေးနွေးသည့် အရာထမ်းများက မူးယစ်ဆေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲပါက ရရှိနိုင်သောဆိုးကျိုးများ၊ မူယစ်ဆေးသုံးစွဲ ထားသည်ကို သိသာစေသောအချက်များ၊ မူးယစ်ဆေးပြန်လည်သုံးစွဲရသော အကြောင်းအရင်း များ၊ မူးယစ်ဆေးစွဲသူများ၏ ဘဝလမ်းကြောင်းများ၊ မူးယစ်ဆေးစွဲသူများနှင့် ပတ်သက်၍ လူမှုရေးဆိုင်ရာကူညီပေးရေးကိစ္စများ၊ မူးယစ်ဆေးကို စတင်အသုံးပြုရသော အကြောင်းအရင်း များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာဥပဒေနှင့် ဥပဒေ ပြင်ဆင်ချက်များ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာမူဝါဒ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည့် မေးခွန်း များမေးမြန်းခြင်း၊ ဖြည့်စွက်ဆွေး‌နွေးလိုသည့်အချက်များ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါ သည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကTalk Show အစီအစဉ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်တို့ကို အကြံပြုပြောကြား ပေးခဲ့ပါသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အဓိက အုပ်စုကြီး(၃)စု အကြောင်းများ၊ မူးယစ်ဆေးဝါး ဆိုင်ရာဗဟုသုတများ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်း၊ မူးယစ်သမိုင်းစဉ်နှင့်ပတ်သက်သည့် လေ့လာမှတ်သားဖွယ်ရာများ၊ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားသော ပြန်လည်ထူထောင်မှု လုပ်ငန်းစဉ် (၇) ချက်နှင့်အညီ မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ပေးပြီး လူမှုအသိုင်း အဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့လာအောင်  ဆောင်ရွက်ပေးခြင်း၊ Follow Up ပြုလုပ်ရာတွင် ထိရောက်အောင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ စခန်းဂေဟာများမှလည်း ထိရောက်သော နည်းပညာသစ်များ၊ ပညာရပ်များ၊ နည်းလမ်းများကို ရှာဖွေပြီး ခေတ်နှင့်လျော်ညီသော ကုသမှု ကုထုံးတို့ကို ဆောင်ရွက်ရန်လိုကြောင်း သုံးသပ်ဆွေးနွေး ပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR