၂၈-၃-၂၀၂၅ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် မတ်လ၃၀ရက်နေ့မှ ဧပြီလ၂၀ရက်နေ့အထိဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ ဆောင်ရွက်မှုများကိုသတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

          ယခုအခါ ဧပြီလ၂၁ရက်နေ့မှ၂၇ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊တရုတ်နိုင်ငံကူမင်းမြို့နှင့်နန်နင်းမြို့၊ ဘရူနိုင်းနိုင်ငံနှင့် AHA Centre တို့မှထပ်မံ ပေးပို့လှူဒါန်းလာသောမိုးကာစ၊ Hygiene Kit၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းစုံ၊ မီးဖိုချောင်သုံးပစ္စည်းစုံ၊ Kitchen Set ၊ စားသောက်ကုန်၊လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းများ အနက်ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေး ဝန်ကြီးဌာန)သို့လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကိုနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့သို့ ဘေးသင့်လူဦးရေအချိုးဖြင့် ဖြန့်ခွဲပေးပို့ခဲ့ပြီး ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရက်သတ္တပတ် ၁ ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ဘေးသင့် ပြည်သူများနှင့်ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နှင့်နေပြည်တော်တို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ်၄စီးဖြင့်ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၄စီးဖြင့်ပေးပို့ထားသည့် လှူဒါန်းပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်လည်းကောင်းခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်း ‌ဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၇ စီးဖြစ် ပါသည်။

နိုင်ငံတကာအလှူရှင်များမှ ၂၁-၄-၂၀၂၅ရက်နေ့မှ ၂၇-၄-၂၀၂၅ရက်နေ့အထိ ရက် သတ္တပတ်၁ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘေးသင့် ပြည်သူများအတွက်ဖြန့်ခွဲပေးပို့ထားမှုကိုပူးတွဲပါဇယားများဖြင့်ဖော်ပြအပ်ပါသည်။

ထပ်မံလှူဒါန်းလာသည့်ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ပတ်လျှင်၁ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR