လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်၊ ကုလားတန်း ကျေးရွာအုပ်စု၊ သံတဲကျေးရွာ၌ (၁၃-၅-၂၀၂၃) ရက်‌နေ့၊ (၁၉း၅၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ဓနိမိုး၊ ထရံကာ နေအိမ်(၁)လုံး ပြိုလဲပျက်စီး၊ (၁၄-၅-၂၀၂၃) ရက်နေ့ (၁၁း၃၅) နာရီ အချိန်တွင် သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးနှင့် (၁၅း၀၀)နာရီအချိန်တွင် ရွှေပျောက် ကျေးရွာအုပ်စု၊ အဒွတ္တောကျေးရွာတွင် သွပ်မိုး၊ ထရံကာ နေအိမ်(၁)လုံး ပြိုကျပျက်စီး၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်နေအိမ် (၁)လုံး အမိုးလန်ပျက်စီး၊ ဓနိမိုး၊ အုတ်ညှပ်နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း အိမ်ထောင်စု(၅)စု၊ လူဦးရေ (၁၆)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့်  အဆိုပါ လေဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၄၀,၀၀ဝ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃,၆၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၇၃,၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR