ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သောဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၅ ခုမှ ဝန်ထမ်းအိမ်ရာမြေညီထပ်အခန်း ၄၉၉ ခန်းအတွက် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ပေးအပ်ပွဲကိုယနေ့ နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌  ကျင်းပသည်။

ဦးစွာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က ငလျင်ဒဏ် ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မှုမှာငလျင်ဒဏ်ကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာမြေညီထပ်နေဝန်ထမ်းများကိုနိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ထောက်ပံ့နိုင်ရန်အတွက် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ စာရင်းများတောင်းခံရယူ၍ အကြိမ်ကြိမ်သေချာစွာစိစစ်ခဲ့ရကြောင်း၊ ရရှိလာသောစာရင်းများပါ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် ပုံမှန်နေ့စဉ်လူနေမှုဘဝကိုအတိုင်းအတာတစ်ခုဖြည့်ဆည်းပေးနိုင်ရန်အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သောရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊လျှပ်စစ်ဟင်းချက်အိုး၊ လျှပ်စစ်မီးပူတို့ကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကတင်ဒါကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့်ငလျင်ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းပြောကြားပြီးဒုတိယဥက္ကဋ္ဌများကဝန်ကြီးဌာန/အဖွဲ့အစည်းတစ်ခုချင်းစီအလိုက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိတိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၅ ခုရှိတိုက်အရေအတွက် ၁၂၄ လုံးမှ မြေညီထပ် ၄၉၉ ခန်းနေဝန်ထမ်းမိသားစုများအားမီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ၆ မျိုးထောက်ပံ့ရန်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့ငွေကျပ်သိန်းပေါင်း ၁၀၇၈၀ကျော် ကျခံထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR