အောက်တိုဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့ အထိဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ကျင်းပပြုလုပ်လျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM)နှင့် ဆက်စပ်လှုပ်ရှားမှုအစီအစဥ်များသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် အခြားသော အာဆီယံနိုင်ငံများ မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ၊ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများမှ ဝန်ကြီးများနှင့်အတူဆက်လက်ပါဝင်တက်ရောက်လျှက်ရှိရာ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိ ခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးမည့် ဘန်ဒါဆရီဘီဂါဝမ်မြို့၊ Taman MahkotaJubliEmasဥယျာဥ် သို့ သွားရောက်ပြီး အခြားသောဝန်ကြီးများနှင့်အတူ သတ်မှတ်နေရာတွင် ကန့်ကော်ပင်ကို စိုက်ပျိုးခဲ့ပါသည်။

ယင်းနောက် အဆိုပါဥယျာဥ်အတွင်း ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရာ၊ အိမ်ရှင် ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး H.E. Dato Seri Setia Awang Haji Ahmaddin bin Haji Abdul Rahmanက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံအတွင်းရေးမှူးချုပ်၏(၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး ဂုဏ်ပြု ဗွီဒီယိုသတင်းစကားကို ထုတ်လွှင့်ပြသပါသည်။

ဆက်လက်၍ ၂၀၀၄ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ ၊ ဆူနာမီအနှစ် (၂၀)ပြည့်အထိမ်းအမှတ်အစီ အစဉ်ကို ကျင်းပရာ ၂၀၀၄ ခုနှစ် ဆူနာမီဘေးကျရောက်စဥ် မှတ်တမ်းတင်ဗွီဒီယိုပြသခြင်း၊ အဆိုပါဘေးအန္တရာယ်အတွင်းမှ လွတ်မြောက်ခဲ့သူများနှင့် တွေ့ဆုံမေးမြန်းခြင်းမှတ်တမ်း၊ ဆူနာမီတိုက်ခတ်မှု နောက်ပိုင်းကာလ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းမှု၊ ကြိုတင်ပြင်ဆင်မှု အစရှိသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာမှုမှတ်တမ်းတို့ကို ပြသပါသည်။ ယင်းနောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ်နှင့် (၁၂)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး တို့အတွက် ဂုဏ်ပြုပေးပို့သောကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ ချရေးရုံးအကြီးအကဲ Mr. Kamal Kishore၏ဂုဏ်ပြုသတင်းစကားဗွီဒီယိုတို့ကို ပြသကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR