လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ယင်းမာလမ်းသွယ်၊ အိမ်အမှတ် (၂၁/ခ)တွင် (၁၇-၈-၂၀၂၃) ရက်နေ့၊ (၂၀း၂၂) နာရီ အချိန်ခန့်၌ ဘုရားမီးပူဇော်ရာမှ ဝါယာရှော့ဖြစ်၍ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (အုတ်ညှပ် (၂) ထပ်၊ သွပ်မိုး) နေအိမ် (၁) လုံး (လုံးဝပျက်စီး)ခဲ့သည့် အိမ်ထောင်စု (၂) စုရှိ လူဦးရေ  (၇) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး (၁၄,၇၀ဝ/-)၊ ပစ္စည်းတန်ဖိုး (၁၂၅,၈၃၉/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊  စုစုပေါင်းထောက်ပံ့ငွေ (၃၄၀,၅၃၉/-)  အား (၂၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR