၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၈.၃.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ၊ ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၄၄)မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ အမျိုးသမီးပါမောက္ခ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်အမျိုးသမီးအားကစားသမားများ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြို အဆင့်မြင့်ပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသူများနှင့် အုပ်ထိန်းသူများ စုစုပေါင်း(၄၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား Video Clip ပြသခြင်း၊  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု Video Clip နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု Video Clip ပြသခြင်း၊ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူလေးများမှလည်းကောင်း၊ သူနာပြုတက္ကုသိုလ်မှ ကျောင်းသူလေးများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီမှ သမီးငယ်လေးများကလည်းကောင်း၊ မြန်မာ့သိုင်းအဖွဲ့ချုပ်မှ သမီးပျိုလေးများကလည်းကောင်း၊ အမှတ်(၁)မူလတန်းကြိုကျောင်းမှ  ရင်သွေးငယ်များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။ 

ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြို အဆင့်မြင့်ပညာအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ယခုဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” “Invest in Women: Accelerate Progress” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရရှိခဲ့သော ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ ထူးချွန်အမျိုးသမီးများအားလည်းကောင်း၊ ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့များအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တက်ရောက်လာကြတဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ဓါတ်ပုံပြခန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၃၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 













နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR