၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက်တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှုအောက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့်တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးဝန်းအတွင်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်  ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ၊ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများမှ ခရိုင်/ မြို့နယ် ဦးစီးမှူးများနှင့် တောင်ကြီးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၂၄) ကျောင်းမှ တာဝန်ခံဆရာမများ တက်ရောက်ခဲ့ပြီး ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြား၍ တည်ထောင်ခွင့်ပြုမိန့်အား ကျောင်းအလိုက်ပေးအပ်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR