၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်ပြည့်ဝစွာပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးပါကြောင်း၊ မသန်စွမ်းသူများအပါအဝင် အားလုံးအကျုံးဝင် ပါဝင်ဆောင်ရွက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့်  ပိုမိုဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက်များ လျော့နည်းစေရေးအတွက် မျိုးဆက်သစ်တို့က ထဲထဲဝင်ဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းတွင်  သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းကဏ္ဍများအလိုက် အသိပညာ၊ အတွေ့အကြုံများရရှိစေရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် လူငယ်များ၏ အခန်းကဏ္ဍများ သိရှိစေရန် ပို့ချသွားမည်ဖြစ်ကြောင်း၊တက်ရောက်သူများအနေဖြင့်ရရှိလာမည့် အသိပညာဗဟုသုတများကိုပြန်လည်မျှဝေ၊ အသုံးချခြင်းဖြင့် မိမိအကျိုး၊ အများအကျိုး၊ မိမိနိုင်ငံ၊ မိမိတို့၏ပတ်ဝန်းကျင်နှင့် လူသားအားလုံးအတွက် ကြိုးစားဆောင်ရွက်ကြရန်တို့ကို ပြောကြားပါသည်။ အဆိုပါ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့ရှိ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးဖြင့် (၂၅-၉-၂၀၂၄)ရက်နေ့မှ(၂၇-၉-၂၀၂၄)ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR