လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းကနေပြည်တော် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာတွင် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံက AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အောင်မြင်ကုန်းကျေးရွာ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါအသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အဦးသည် အလျား(၆၀) ပေ၊ အနံ (၃၀) ပေအကျယ်အဝန်းရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး တည်ဆောက်တပ်ဆင်ရန် အချိန်ကာလ (၁၀) ရက်ခန့်သာ ကြာမြင့်ကြောင်းနှင့် ငလျင်အန္တရာယ်ကြုံတွေ့ရပါက အဆောက်အဦးကြောင့် နေထိုင်အသုံးပြုသူများအပေါ် ထိခိုက်နိုင်မှုနည်းပါးစေနိုင်ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုဝန်ကြီးက ဒေသနေပြည်သူများ ကျန်းမာရေးစောင့်‌ရှောက်မှုအတွက် ထိရောက်သော အထောက်အပံ့ဖြစ်စေခြင်းငှာ သက်ဆိုင်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းများညှိနှိုင်း၍ ထိုင်းနိုင်ငံအကူအညီ အထောက်အပံ့ကို လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေကို ကျေးရွာတာဝန်ရှိသူများအား ပြောကြားပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထိုင်းနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့်ပင် ဆောက်လုပ်ထားသော အလျား(၆၀) ပေ၊ အနံ(၃၀)ပေ အကျယ်အဝန်းရှိ အသင့်တပ်ဆင် စာသင်ကျောင်းဆောင်သို့ ဆက်လက်သွားရောက်ကြည့်ရှုပြီး ဆရာ/ဆရာမများ၊ တာဝန်ရှိသူများအား မန္တလေးငလျင်ကြီးကြောင့် များပြားလှစွာသော အခြေခံအဆောက်အအုံများ ပျက်စီးထိခိုက်ခဲ့ရာ ပညာသင်ကြားရေးဆိုင်ရာ ကျောင်းဆောင်များလည်းပါဝင်ခဲ့ရာ အာဆီယံဒေသတွင်း နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ဆက်သွယ်လှူဒါန်းမှုများ ရှိသကဲ့သို့ AHA Center မှတစ်ဆင့် လှူဒါန်းမှုများလည်းရှိခဲ့ကြောင်း၊ ယခုဆောက်လုပ်ထားသော စာသင်ကျောင်းဆောင်အပါအဝင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အသင့်တပ်ဆင်စာသင်ဆောင်(၇)ဆောင်၊ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးပေးခန်း(၁၀)ဆောင်၊ စုစုပေါင်း (၁၇)ဆောင်ကို ထိုင်းနိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားမှုတို့တွင် များစွာအထောက်အကူဖြစ်သည့်အတွက် လှူဒါန်းအဆောက်အဦးများကို အကျိုးရှိစွာအသုံးပြုရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR