လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ သီပေါလမ်း၊ မှော်ဝန်ချောင်း၌ ချောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၂၀၀)ပေ ခန့်၊ အကျယ်(၁၅)ပေခန့်၊ ချောင်းကမ်းပါးမြေပြိုကျခြင်း၊ ချောင်းကမ်းပါး မြေသားနိမ့်ကျပျက်စီးမှု ကြောင့်   ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၃) ဦးတို့ အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) နှင့် ဆန်ရိက္ခာဖိုး (၂၇,၃၀ဝ/-)၊ စုစု ပေါင်းထောက်ပံ့ငွေ (၃၂၇,၃၀ဝ/-)ကျပ်တို့အား(၆-၁၁-၂၀၂၃) ရက်နေ့၊  (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ များ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR