လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးH.E. Dr. Md. MonwarHossainအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိမေခလာခန်းမ၌ယနေ့မွန်းလွဲပိုင်းတွင်လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာ၌မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောမန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလူသားချင်းစာနာမှုအကူအညီပေးအပ်ခဲ့မှုများ၊ငလျင်ကြောင့်နိုင်ငံအတွင်းပျက်စီးဆုံးရှုံးမှုအခြေအနေများ၊နိုင်ငံတော်အစိုးရ၏ငလျင်ဘေးနောက်ဆက်တွဲပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊နိုင်ငံအလိုက်ထူထောင်ထားရှိသည့်လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များနှင့်နှစ်ဦးနှစ်ဖက်အပြုသဘောဆောင်လျက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များနှင့်ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR