၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်း တိုင်းဒေသကြီးလူမှုဝန်ထမ်းဦစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ် များနေ့အခမ်းအနားကို မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ကျင်းပခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များန့၏ ဆောင်ပုဒ်မှာ သက်ရှည်ကျန်းမာ ခေတ်သစ်ဆီ စနစ်သစ်များဖြင့်လျှောက်လှမ်းမည် “The Age Of Longevity Rethinking Syatem For Longer Lives” ဖြစ်သည်။

     အခမ်းနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာသူနာပြုသိပ္ပံမှ သင်တန်းသူ သင်တန်းသားများ၊ မုံရွာဘိုးဘွားရိပ်သာမှ ဘိုးဘွားများ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာမှ ဘိုးဘွားများ စုစုပေါင်း ဦးရေ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

    အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေကျပ် (၃၆,၆၁၆,၀၀၀) ကျပ်တိတိအား ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး တရားလွတ်တော် တရားသူကြီးချုပ်မှ အဘိုးများကိုယ်စား အဘိုး တစ်ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဘွားများ ကိုယ်စား အဘွားတစ်ဦးအားလည်းကောင်း အလှူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

     ၎င်းနောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းပစ္စည်းများအား အဘိုးအဘွားများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနား အောင်မြင်စွားရုတ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR