၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားအား မကွေးမြို့၊ မြို့တော်ခန်းမ၌ နေ့လယ် ၃း၀၀ နာရီအချိန် တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဦးဆောင်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးတရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ(၂၅၃)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုမှ သက်ကြီးပုဂ္ဂိုလ်များနေ့အတွက် ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့ပြီး၊ သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက် ဗွီဒီယိုမှတ်တမ်း ပြသပြီးနောက် အခမ်းအနားသို့တက်ရောက်လာသည့် ဂုဏ်ပြုခံသက်ကြီးဘိုးဘွား (၃၉)ဦးအား ကန်တော့ခံပစ္စည်းတန်ဖိုး ၁၀၀၀၀၀/- နှုန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုငွေကျပ် ၁၀၀၀၀၀/- နှင့် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေကျပ် ၁၅၀၀၀/-၊ တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဝါး (၆)မျိုး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကန်တော့ခံဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဓာတ်ဆား (၅)ထုတ် နှင့် အားဆေး (၁)မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။








