၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊မင်္ဂလာခန်းမ၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်း ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ/ရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၇,၉၀၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁,၀၆၅သန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၄၂ ခု၊ မသန်စွမ်းပရဟိတဂေဟာ၁ခု၊အမျိုးသမီးဂေဟာ ၁ ခုနှင့် ဘိုးဘွားရိပ်သာ ၉ ခု၊ စုစုပေါင်း ဂေဟာ/ရိပ်သာ ၅၃ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၅၈၈ဒသမ၉၇၂သန်းနှင့်တိုက်ပွဲရှောင်ပြည်သူ ၄၈,၅၅၅ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေ ကျပ် ၂,၉၁၃ဒသမ၃၀၀သန်းကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၁၇,၉၀၃ဦး၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၄,၅၄၈ဦးနှင့်တိုက်ပွဲရှောင်ပြည်သူ၄၈,၅၅၅ဦး၊စုစုပေါင်း၇၁,၀၀၆ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၄,၅၆၇ဒသမ၂၇၂သန်းထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ရန်ကုန်မြို့ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းသို့ ရောက်ရှိကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းထားပြီး လိုအပ်သောနေရာများ၌ ထပ်မံဖြည့်စွက် ဆောက်လုပ်ရန် နေရာရှင်းလင်းရေးဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တထားရှိသော Container Office များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်နေရာများသို့ ရွှေ့ပြောင်းသယ်ယူမည့်အခြေအနေနှင့် အစီအမံတို့အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ ဆက်လက်သွားရောက်ကာ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံထောက်ပံ့လှူဒါန်းမည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများအတွက် ရေသန့်စင်စက်တင်ယာဉ်၊ အသက်ကယ်ရာဘာလှေ၊ အသက်ကယ် ရာဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ပစ္စည်းများရောက်ရှိလာပါက ခေတ္တထားရှိနိုင်ရေး သိုလှောင်ရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ဗဟိုသိုလှောင်ရုံဘေးရှိအောင်သိဒ္ဓိချောင်းမြေထိန်းနံရံကာရံထားရှိမှုအခြေအနေများတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR