လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၁၃-၆-၂၀၂၂) ရက်နေ့၌ မုန်တိုင်းနှင့် လေပြင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးကော်မတီများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ရာ မနက်ပိုင်းတွင် မြို့နယ်သဘာဝဘေးကော်မတီများက ရေတာရှည်မြို့နယ်အတွင်း မုန်တိုင်းနှင့် လေပြင်းဘေးအန္တရာယ်ကျရောက်လာပါက ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘေး အန္တရာယ်ကျရောက်နိုင်သည့် နေရာများ၊ ဘေးလွတ်ရာနေရာများ၊ ယာယီခိုလှုံရာနေရာများကို ဖော်ထုတ်ဆွေးနွေးကြပါ သည်။ နေ့ခင်းပိုင်းတွင် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရာတွင် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခြင်း၊ ရေပြင်နှင့် မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ ဇာတ်တိုက်ဆောင်ရွက်မှုသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ်သဘာဝဘေးကော်မတီဝင်များနှင့် အထက (ရေတာရှည်)မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း လူဦးရေ (၄၀၀) ကျော်တက်ရောက်ခဲ့ကြပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR