လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် (၁၃-၆-၂၀၂၂) ရက်နေ့၌ မုန်တိုင်းနှင့် လေပြင်းဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြို့နယ်သဘာဝဘေးကော်မတီများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ရာ မနက်ပိုင်းတွင် မြို့နယ်သဘာဝဘေးကော်မတီများက ရေတာရှည်မြို့နယ်အတွင်း မုန်တိုင်းနှင့် လေပြင်းဘေးအန္တရာယ်ကျရောက်လာပါက ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘေး အန္တရာယ်ကျရောက်နိုင်သည့် နေရာများ၊ ဘေးလွတ်ရာနေရာများ၊ ယာယီခိုလှုံရာနေရာများကို ဖော်ထုတ်ဆွေးနွေးကြပါ သည်။ နေ့ခင်းပိုင်းတွင် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရာတွင် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခြင်း၊ ရေပြင်နှင့် မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ ဇာတ်တိုက်ဆောင်ရွက်မှုသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ်သဘာဝဘေးကော်မတီဝင်များနှင့် အထက (ရေတာရှည်)မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း လူဦးရေ (၄၀၀) ကျော်တက်ရောက်ခဲ့ကြပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR