၁။           ASEAN Regional Mine Action Center (ARMAC) မှ နေပြည်တော်တွင် အစည်း အဝေးများ ကျင်းပပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြ သည့် အစည်းအဝေးကို (၂၂.၄.၂၀၂၂) ရက်နေ့၊ နံနက်(၁:ဝဝ)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (EC) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။    အဆိုပါ အစည်းအဝေး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ အစည်း အဝေးသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန တို့နှင့်ပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးများနှင့် ပတ်သက်၍ နိုင်ငံခြားသားဧည့်သည်များပါဝင်ပြီး ဆောင်ရွက်မည့် အစည်းအဝေးဖြစ်သည့်အတွက် ကြိုတင် ဆောင်ရွက်ထားရှိရမည့် ကိစ္စရပ်များကို အလေးထားပြင်ဆင်သင့်ပါကြောင်း၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများနှင့် မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီထောက်ပံ့ပေး ခြင်း လုပ်ငန်းတို့ကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သင့်ပါကြောင်း၊ ဆောင်ရွက်လိုသည့် အစည်း အဝေးများနှင့် စပ်လျဉ်း၍သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းအကောင် အထည်ဖော်ဆောင်ရွက်စေချင်ပါကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


၃။           ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အစည်းအဝေးနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့် (CRC) အရ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ မိုင်းကြောင့်ဖြစ်ပေါ်လာသော ဆက်နွယ်နေ သည့် လူနေမှုဘဝ ပုံစံပြောင်းလဲသွားမှုများအပေါ် ကူညီစောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးခြင်းကိုအဓိက အလေးထားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။


၄။           ASEAN Regional Mine Action Center (ARMAC) မှ နေပြည်တော်တွင် အစည်း အဝေးများ ကျင်းပပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ (Power Point) ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR