တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများအား Gender CEDAW NSPAW ဆိုင်ရာအသိပေးဆွေးနွေးပွဲကို မတ်လ (၁၄) ရက်နေ့၊ မွန်းလွဲ (၁:၀၀) နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းမှာပါရှိသည့် လုပ်ငန်းနယ်ပယ်(၁၂)ရပ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက် အမှန်တကယ်လိုအပ်မှုရှိသည့် ဦးစားပေးနယ်ပယ်များဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်းကို လုပ်ငန်းဧရိယာအလိုက်သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများက ဦးဆောင်ပြီးရေးဆွဲခဲ့ရာတွင် ယခုအခါနောက်ဆုံးမူကြမ်းထွက်ရှိပြီဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်း (နောက်ဆုံးမူကြမ်း)တွင် တိုင်းရင်းသားအခွင့်အရေးများ၊ မသန်စွမ်းသူများ၏အခွင့်အရေးများကို ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ မဟာဗျူဟာစီမံကိန်း ပေါ်ထွက်လာခြင်းအားဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုမို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဆဋ္ဌမအကြိမ်မြောက်အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏အစီရင်ခံစာ (နောက်ဆုံးမူကြမ်း)နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၂) (နောက်ဆုံးမူကြမ်း)တို့အပေါ် မိမိတို့၏အမြင်များအား ပွင့်လင်းစွာမျှဝေပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏အစီရင်ခံစာ(နောက်ဆုံးမူကြမ်း)၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၂) (နောက်ဆုံးမူကြမ်း) ရေးဆွဲထားရှိမှုအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးအဖွဲ့အစည်းများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR