လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်   (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊  ကွမ်းမိုးဒိန်းရပ်ကွက်တွင် အိမ်ထောင်စု (၆)၊ လူဦးရေ (၃၇)၊ အမှတ် (၁၂)ရပ်ကွက်တွင် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၉၂)ဦး၊ ပလူကျေးရွာအုပ်စု၊ပလူကျေးရွာတွင် အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၄၈)ဦး၊ ဘိုကလေးကျေးရွာအုပ်စု အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၇၀)ဦး၊ ကျုံကန်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာတွင် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ(၃၃)၊  စုစုပေါင်း အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၂၈၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်း‌ထောက်ပံ့‌ငွေ (၅၈၈,၀၀ဝ)ကျပ်တိတိအား (၁၈-၈-၂၀၂၂) ရက်နေ့တွင် ခရမ်းမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR