လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ မြို့ကွက်ကျေးရွာ၌ (၂၅-၅-၂၀၂၃)ရက်နေ့ (၀၁း၀၀)နာရီအချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၆)ဦး၊ တိုက်ကြီး မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မြရတနာကျေးရွာ၌ (၈-၆-၂၀၂၃)ရက်နေ့ (၀၄း၃၀)အချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၃)ဦးနှင့် တိုက်ကြီး မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မြရတနာကျေးရွာ၌ (၉-၆-၂၀၂၃)ရက်နေ့(၀၄း၀၀)အချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၅)ဦး၊ စုစုပေါင်း အိမ်ခြေတစ်စိတ်တစ်ပိုင်း(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ်(၉၂,၄၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၄၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၉၂,၄၀ဝ/-)တို့အား (၂၀-၆-၂၀၂၃)ရက်နေ့ (၁၃း၀၀)အချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR