၂၈.၃.၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်အောက်ရှိ အမှတ်(၂) မူလ တန်းကျောင်း၊ ဒေးဝန်းမူလတန်းကြိုကျောင်းနှင့် နားမကြားသောကလေးများ ကျောင်းများသို့ ပြိုကျပျက်ဆီးဆုံးရှုံးသွားသော အဆောက်အဦများနှင့် အုတ်တံတိုင်းများအား ၅.၁၂.၂၀၂၅ ရက် ၊ နံနက် (၀၈း၀၀) နာရီအချိန်မှစ၍ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသက်လှိုင်ထွန်း၊ ညွှန်ကြားရေးမှူးသည် ကလေးများအတွက် အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းလုံခြုံရေးအားနည်းမှုတို့ကြောင့် ဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ဌာနပိုင်စာရင်းမှ ပယ်ဖျက်နိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် ယာယီအဆောင် ဆောက်လုပ်ပြီးစီးမှု၊ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲ ညွှန်ကြားမှုများပြုလုပ်၍ နေ့လည် (၁၃း၁၅) နာရီအချိန်တွင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR