စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အနုပညာရှင်များ၊ အဆိုတော်များလိုက်ပါ၍ ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်အခါသမယ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သော သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့၍ အသက်အကြီးဆုံး အဘိုး ဦးသောင်းရွှေ(၈၈)နှစ်နှင့် အသက်အကြီးဆုံးအဘွား ဒေါ်အုံး(၁၀၅)နှစ်တို့အား အာမိသပူဇာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ အနုပညာရှင်များ၊ အဆိုတော်များနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးအဘိုး၊ အဘွား(၇၀)ဦးတို့အား အာမိသပူဇာပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြပြီး အဘိုး၊ အဘွားများကိုယ်စား အဘိုးဦးအေးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR