လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း၁၇၄တန်ဖိုးရှိ ကျောင်းသားအိပ်ဆောင်သစ် (၁၂၅x ၃၀x ၁၂)ပေ RC (၁)ထပ် အဆောက်အဦကို ၈.၇.၂၀၂၃ရက်မှစတင်၍ ABCompanyမှ စတင်ဆောက်လုပ်ခဲ့ပြီး ၁၃.၂.၂၀၂ရက်တွင် ပြီးစီးခဲ့ပါသည်။

အဆိုပါ အဆောက်အဦဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၃၀.၅.၂၀၂၄ရက်နေ့၊ နံနက်၀၈:၀၀နာရီအချိန်တွင် လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ လူငယ်သင်တန်းကျောင်း ကျောင်းသားများက “တို့ချစ်တဲ့ကမ္ဘာ”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို နံနက်၀၈:၁၅နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။

      အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမများ၊ သင်တန်းကျောင်းမှကျောင်းသားများ စုစုပေါင်းအင်အား ၁၀၀ဦး တက်ရောက်ခဲ့ကြပါသည်။








နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR