မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အဦများတွင် ပိတ်မိနေသူများကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးအန္တရာယ်ကျရောက်သည့် ဒေသများသို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ  ချက်ချင်းလာရောက်၍ အတူလက်တွဲပူးပေါင်းလျက် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ နေ့ည မနားမနေ ကြိုးစားဆောင်ရွက်မှုများ ကြောင့် အသက်ရှင်လျက် (၈) ဦး ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၁၇၂) ဦး ရှာဖွေနိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင် ရွက်မှုများသည် အဓိကကျပါကြောင်း၊ ယခုကဲ့သို့ လာရောက်ပူးပေါင်းမှုကြောင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ထိထိရောက်ရာက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ နှင့် မိတ်ဆွေတို့နိုင်ငံမှ စိတ်ပူစွာဖြင့် စာနာကူညီပေးကြသော ပြည်သူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ရှာဖွေ            ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များနှင့် AHA Centre မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR