၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု ဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၇/၂၀၂၅) သင်တန်းဆင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ရာတွင် ဒေသနှင့်ကိုက်ညီမှု ရရှိစေသည့်အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား ယခင်နှစ်များနည်းတူ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြးပေးလျက်ရှိပါကြောင်း၊ မိသားစုအလိုက် ဝင်ငွေရရှိမှသာ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး ကလေးသူငယ်များ လုပ်ငန်းခွင်ဝင်ရောက်မှုလျော့ပါးကာ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများ ပညာရေးလက်လှမ်းမီစေရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားမှုရရှိသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ရည်ရွယ်ပြီး သင်ကြားပေးခြင်းဖြစ်သည့်အတွက် တန်ဖိုးရှိတဲ့သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်ပေးရခြင်းမှာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်ရေးအတွက်လည်းကောင်း၊ ရပ်ရွာအခြေပြုလုထုအတွက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးမှ သင်တန်းသူများ အားလုံးကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြင့်ခဲ့သည်။ ၎င်းနောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှာကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထား‌သော အဝတ်အထည်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR