လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင် ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီး ဂေဟာများ၊ မသန်စွမ်းဂေဟာများအတွက် ထောက်ပံ့ကြေးများပေးအပ်သည့် အခမ်းအနားကို Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများနှင့် ဂေဟာ/ရိပ်သာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာမှာယခု ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆) ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာ များအပါအဝင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ထောက်ပံ့ကြေးများပေးအပ်ခြင်းကို (၁၇.၁၀.၂၀၂၁) ရက်‌နေ့မှာ ဧရာဝတီတိုင်း‌ဒေသကြီးနဲ့ (၁၆.၁.၂၀၂၂)ရက်နေ့မှာ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးကျန်ရှိနေတဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုသို့ ယခု Online မှ တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ အခန်း(၆) သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများတည်ထောင်ဖွင့်လှစ်ခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်းအရ ဥပဒေနှင့်အညီ တည်ထောင် ခွင့်ပြုမိန့်မှတ်ပုံတင်ရရှိဖို့အတွက်လည်း လျှောက်ထားရမှာဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများကို တည်ထောင်ဖွင့်လှစ်ရာမှာ ဂေဟာ/ ရိပ်သာရှိ လက်ခံစောင့်ရှောက်ထားသူများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် အခြေခံ ကောင်းများ စီစဉ်ပေးရမှာဖြစ်ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် သက်ဆိုင်ရာအစိုးရ အဖွဲ့မှလည်း ဂေဟာ/ရိပ်သာဖွင့်လှစ်ခြင်းကို သိရှိထောက်ခံချက်ရရှိရန် လိုအပ်ပြီး ဂေဟာ/ ရိပ်သာတိုင်းအတွက်ကြီးကြပ်မှုကော်မတီကိုလည်းစနစ်တကျနဲ့ ခိုင်မာအားကောင်းစွာ ဖွဲ့စည်း ထားဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် ရပ်ရွာအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာ/ရိပ်သာများအား သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ နည်းပညာအကူအညီများပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊  စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင် ခွင့်ပြုမိန့် မှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ရေး လုပ်ငန်းလမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက် ခြင်းနှင့်အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း ၂၀၁၇ ခုနှစ်အတွင်း  ပြင်ဆင်၍ ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်တဲ့ ပရဟိတဂေဟာ များ/ရိပ်သာများ အနေနဲ့လည်း မိမိတို့လက်ခံစောင့်ရှောက်ထားတဲ့ကလေးသူငယ်များ၊ ဘိုးဘွား များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ၎င်းတို့ရဲ့အခွင့်အရေးများကို ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် မွေးကင်းစကလေးသူငယ်များကို လက်ခံ စောင့်ရှောက်ထားရှိတဲ့ ဂေဟာများအနေဖြင့် ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် အာဟာရ၊ ကာကွယ်ဆေး များအပါအဝင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးဖို့မှာ အရေးကြီးပကြောင်း၊ ကျွမ်းကျင်တဲ့ ကလေးပြုစုစောင့်ရှောက်သူများ လိုအပ် ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး များက ဂေဟာ/ရိပ်သာတာဝန်ခံများကို ထောက်ပံ့ကြေးများ အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခုရှိ ဂေဟာ/ရိပ်သာများသို့ ယနေ့ထောက်ပံ့ငွေမှာ ကျပ်(၁၄၃၀.၃၁၃)သန်းဖြစ်ပြီး ကချင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေမှာ ကျပ်(၁၅၂.၂၃၇)သန်း ဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (၂၁၆)ခု၊ ဘိုးဘွားရိပ်သာ (၈၅) ခု၊  အမျိုးသမီးဂေဟာ(၁၅)ခု၊ မသန်စွမ်းဂေဟာ (၁၁)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀၂၇) ကျောင်း၊ စေတနာမူလတန်းညကျောင်း (၈)ကျောင်းနှင့် လူငယ့်ရိပ်သာ (၆)ခုတို့အတွက် ထောက်ပံ့ကြေးစုစုပေါင်း ကျပ် (၁၅၈၂.၅၅၁)သန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ဂေဟာ/ရိပ်သာများကိုယ်စား ကရင်ပြည်နယ်၊ ကော့ဝန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစောအုန်းတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဂေဟာ/ရိပ်သာများရဲ့ ထောက်ပံ့ကြေးများအတွက်နှစ်စဉ်ရရှိသောဘက်ဂျက်ရန်ပုံငွေအပေါ်မူတည်၍ ထောက်ပံ့ကြေး များကို ခွဲဝေချထားပေးခြင်းဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီစနစ်တကျသုံးစွဲခြင်း၊ စာရင်း စစ်ဆေးခံယူခြင်းနှင့် ဂေဟာ/ရိပ်သာများရှိ ပြုစုစောင့်ရှောက်ထားသူများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့နေရာမှာ ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်‌စောင့်ရှောက်ပေးနိုင်ရေး နှင့် ယခုလိုစေတနာ့ဝန်ထမ်းဂေဟာ/ရိပ်သာအဖြစ် ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်တည်ထောင်၍ ပြုစုစောင့်ရှောက်ပေးတဲ့အတွက်လည်း နိုင်ငံတော်ကိုယ်စား စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များ၊ ဂေဟာ/ ရိပ်သာများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR