ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၆  ရက်နေ့မှစ၍ခေတ္တပိတ်ထားခဲ့ရသော လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အတည်ပြုချက်အရ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ (၁၁-၁၁-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ (၁၅-၁၁-၂၀၂၁)ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အသက် ၃ နှစ်မှ ၅ နှစ်အတွင်းရှိ မူလတန်းကြိုအရွယ် ကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများရရှိနိုင်စေရန် ရည်ရွယ်၍ မူကြိုကျောင်းများဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၂၀ပြည့်နှစ် မတ်လအထိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ဌာနမူလတန်းကြိုကျောင်း(၁၄၂)ကျောင်းတွင်  ကလေးဦးရေ(၁၉၀၆၉)ဦးကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေကြောင့် မူလတန်းကြိုကျောင်းများကို ()နှစ်ကျော်ကြာ ပိတ်ထားခဲ့ရပါ သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်သည့်အချိန်တွင်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် ဌာနမူလတန်းကြိုကျောင်း (၈၇)ကျောင်းကို (၁၅-၁၁-၂၀၂၁) ရက်နေ့မှစဖွင့်လှစ်၍ ကလေးဦး‌ရေ (၂၂၄၅)ဦးကိုလက်ခံပြီး သင်ကြားလေ့ကျင့် ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဒေသအခြေအနေများအရ မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောဒေသများတွင် ကလေးငယ်များ အတွက် သင်ကြားလေ့ကျင့်မှုများ စဉ်ဆက်မပြတ်ရရှိနိုင်စေရန်   မူလတန်းကြိုကျောင်း (၃၄) ကျောင်းကို (Online) အစီအစဉ်ဖြင့်ဖွင့်လှစ်ပြီး ကလေးဦးရေ (၃၀၇)ဦးကို သင်ကြား လေ့ကျင့်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ (၁၅-၁၁-၂၀၂၁)ရက်နေ့တွင် မူလတန်းကြိုကျောင်း ပေါင်း (၁၂၁)ကျောင်းတွင် ကလေးဦးရေ (၂၅၅၂)ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။ ထိုနည်းတူစွာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများကိုလည်း နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး တွင် တပြိုင်နက်ဖွင့်လှစ်ပြီး သင်ကြားပေးနေပြီဖြစ်ပါသည်။

          ကလေးများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးမှုများရရှိစေရေး အတွက် ဆရာ၊ မိဘပူးပေါင်း၍ သင်ကြားလေ့ကျင့်ပေးနိုင်ရေးသည် အရေးကြီးပါသဖြင့် မူလတန်းကြိုကျောင်းများသည် ကလေးငယ်များအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသက်အရွယ်နှင့် အညီရရှိနိုင်ပါသောကြောင့် ဌာနမူလတန်းကြိုကျောင်းများတွင် ကလေးငယ်များအားလုံး ပျော်ရွှင်တက်ကြွစွာဖြင့် တက်ရောက်လျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR