မျက်မှောက်ကာလတွင်ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့်အစွန်းရောက်ရာသီဥတုဖြစ်စဉ်များအားကမ္ဘာ့နိုင်ငံအားလုံးကရင်ဆိုင်တွေ့ကြုံနေရပြီးမြန်မာနိုင်ငံတွင်လည်း၂၀၂၃ခုနှစ်၊မေလတွင်မိုခါမုန်တိုင်းဘေး၊၂၀၂၄ခုနှစ်၊စက်တင်ဘာလတွင်ရာဂီမုန်တိုင်း၏အကြွင်းအကျန်တိမ်တိုက်များကြောင့်ရေကြီးရေလျှံဘေးကိုကြုံတွေ့ခဲ့ရပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်နှင့် ဆက်စပ်ရေကြီးမှုများကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၈)ခုတွင် ပျက်စီးဆုံးရှုံးမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ရုံးအဆောက်အဦပျက်စီးမှုများအပါအဝင် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၄၄ ဘီလီယံကျော်၊ လူနေအိမ်ပျက်စီးမှု၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံပျက်စီးမှု၊ လယ်ယာမြေ စိုက်ပျိုးထားရှိမှုနှင့် လယ်ယာသုံးပစ္စည်းများပျက်စီးမှု၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်းများအပါအဝင် လူမှုရေးကဏ္ဍဆုံးရှုံးမှု ငွေကျပ်၂၂၁ ဘီလီယံကျော်၊ စုစုပေါင်းငွေကျပ် ၄၆၆ ဘီလီယံကျော် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့က အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း၏ ပြင်းထန်သည့် အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ခဲ့ရာ အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ်၁၀၀ ဘီလီယံကျော်၊ လူမှုရေး ကဏ္ဍဆုံးရှုံးမှု ငွေကျပ်၄၃၃ ဘီလီယံကျော်၊ စုစုပေါင်း ငွေကျပ်၅၃၄ဘီလီယံကျော်ဆုံးရှုံးခဲ့ရပါသည်။ မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ဝင်ရောက်ခြင်းဖြစ်၍ ပျက်စီးဆုံးရှုံးမှုများ၏ ၉၈% ခန့်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။


မုန်တိုင်း         တိုင်းဒေသကြီး/ ပြည်နယ်     အစိုးရကဏ္ဍ             လူမှုရေးကဏ္ဍ          စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုး (ကျပ်သန်း)

ရာဂီ                              ၈                       ၂၄၄,၄၄၁.၀၄၁         ၂၂၁,၇၉၀.၇၃၃                        ၄၆၆,၂၃၁.၇၇၄

မိုခါ                              ၁၃                     ၁၀၀,၇၆၀.၆၅၈        ၄၃၃,၃၈၅.၃၇၉                        ၅၃၄,၁၄၆.၀၃၇

 

ရာဂီမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများအားနိုင်ငံတော်မှပံ့ပိုးကူညီပေးလျက်ရှိရာရေဘေးစတင်ဖြစ်ပွားသည်မှ၂၀-၁၁-၂၀၂၄ရက်အထိရေဘေးသင့်ပြည်သူများတိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့်အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက်ငွေကျပ်၅.၂၂၃ဘီလီယံကျော်၊သေဆုံးသွားသူများ၏မိသားစုများအားထောက်ပံ့မှုအတွက်ငွေကျပ်၄၄၆.၈၀၀သန်းကျော်၊နေအိမ်များပြန်လည်တည်ဆောက်ရန်ငွေကျပ်၂၀.၅၀၆ဘီလီယံကျော်၊နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအတွက်မျိုးစေ့၊သွင်းအားစု၊အိမ်မွေးနှင့်လယ်ယာသုံးတိရစ္ဆာန်များထောက်ပံ့မှုငွေကျပ်၄.၇၃၂ဘီလီယံကျော်အပါအဝင်စုစုပေါင်းငွေကျပ်၃၀.၇၇၉ဘီလီယံကျော်ကိုထောက်ပံ့ထားပြီးဖြစ်ပါသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီကဏ္ဍအလိုက်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာရေဘေးသင့်ဒေသများရှိအခြေခံပညာကျောင်း၁၅၀၀ကျော်ကို (၁)လအတွင်းပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး၊ကျန်းမာရေးစောင့်ရှောက်မှုကိုလည်းဆေးရုံ၊ဆေးခန်းများဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။လမ်းပျက်စီးမှု၏၇၃.၂၃%၊တံတားပျက်စီးမှု၏၄၁.၉၂%၊မြန်မာ့မီးရထားလမ်းပိုင်းအလိုက်ပျက်စီးမှု၏ ၆၇.၃၅% ပြုပြင်ပြီးဖြစ်ပါသည်။မိုးစပါးပျက်စီးဧကများအနက်ပြန်လည်စိုက်ပျိုးရန်လျာထားမှု၏၇၃.၇၅% ပြန်လည်စိုက်ပျိုးပြီးဖြစ်ပါသည်။ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြီးစီးမှုအနေဖြင့်ဆက်သွယ်မှု၏၉၉.၉၉%လွှမ်းခြုံနိုင်ခဲ့ကြောင်းနှင့်နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်သတ်မှတ်ကာလဖြစ်သည့်၂၀၂၅ခုနှစ်မတ်လ၁၅ရက်အတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးမြောက်အောင်မြင်စေရေးအရှိန်အဟုန်ဖြင့်ကဏ္ဍ၊အဖွဲ့အစည်းအလိုက်ဆောင်ရွက်လျက်ရှိပါကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)မှသတင်းရရှိပါသည်။

 

                                                                                                                   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ





 

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR