မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ ရပ်ရွာအခြေပြု Bold ကလစ်ပြုလုပ်နည်း   သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂.၁၁.၂၀၂၅) ရက်၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ရပ်ရွာအခြေပြုသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းဖွင့်လှစ်နိုင်ရေး ထောက်ပံ့ပေးအပ်မှုအခြေအနေ၊  သင်တန်းကိုအကျိုးရှိစွာ သင်ကြားသွားရန်နှင့် ပြန်လည်အသုံးပြုနိုင်ရေး၊ ဈေးကွက်ဝင်သည်အထိ  ကြိုးပမ်းနိုင်ရေး ပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ သင်တန်းသို့ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ဌာနငယ်/ကျောင်းများမှ ဆရာမများ၊ ချောင်းဆုံမြို့နယ် ရပ်ရွာအခြေပြု လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၁၅) ဦးတက်ရောက်ပြီး   သင်တန်းကာလမှာ (၁၂.၁၁.၂၀၂၅) ရက်မှ  (၁၅.၁၁.၂၀၂၅) ရက်ထိ (၄) ရက်တာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR