လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၆)ရက်နေ့(၀၉:၃၀)အချိန်ခန့်တွင် လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စု၊ ကမာနိဗ္ဗာန်ကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့်အိမ် ထောင်စု(၂)စု၊အိမ်ခြေ(၂)လုံး(လုံးဝပျက်စီး)၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၂၀၀၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံး (၂) ပုံးတို့အား (၂-၂-၂၀၂၆)ရက်နေ့၊ (၁၅:၃၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါသည်။
Source: DDM







