ပြည်ပသင်တန်းတက်ရောက်ခဲ့မှုဆိုင်ရာအတွေ့အကြုံများရှင်းလင်းတင်ပြခြင်းအစီအစဉ်ကိုယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာ၌ ပြည်ပနိုင်ငံများမှ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်း အဝေးများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကိုဆောင်ရွက်ခြင်းသည် ပြည်ပခရီးစဉ်များ သွားရောက်ခဲ့သူများမှ မိမိတို့လေ့လာခဲ့သည်များကို ပိုမိုနားလည်သိရှိနိုင်စေရန်နှင့်တက်ရောက်လာသူများအနေဖြင့် နိုင်ငံတကာကဆောင်ရွက်လျက်ရှိသော လုပ်ငန်းအစီအစဉ်များကို သိရှိခွင့်ရပြီး အတုယူ သင့်သည်များ၊ လေ့လာသင့်သည်များကိုဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနလုပ်ငန်းအပြင်ဝန်ကြီးဌာနအတွင်းရှိ အခြားဦးစီးဌာနများက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း ပိုမိုသိရှိစေကာ ဌာနအချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုပိုမိုအားကောင်းစေရန်မျှော်မှန်းပါကြောင်း၊အခြားနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို မိမိနိုင်ငံနှင့်ကိုက်ညီစွာပြန်လည်အသုံးချနိုင်ရေးကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကိုတက်ကြွစွာကြိုးစားအကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်သူများဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်တွင်ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့နှင့် ချင်းရိုင်မြို့တို့တွင် (၁၄-၁-၂၀၂၄)ရက်နေ့မှ (၂၇-၁-၂၀၂၄)ရက်နေ့အထိဖွင့်လှစ်သည့် အာဆီယံဒေသတွင်းသဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၏ ပါဝင်မှုကဏ္ဍအားကောင်းလာစေရေးဆိုင်ရာသင်တန်း[Strengthening Disability-Inclusive Disaster Risk Reduction (DiDRR)in the ASEAN Region]သို့ တက်ရောက်ခဲ့သည့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးကလေ့လာဆည်းပူးခဲ့ရသောဘာသာရပ်များနှင့် အတွေ့အကြုံများရှင်းလင်းမျှဝေရာတွင် သင်တန်းသည် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများပါဝင်နိုင်မှုကိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အခြားသောအာဆီယံနိုင်ငံများနှင့်ဂျပန်နိုင်ငံတို့၏အတွေ့အကြုံကောင်းများဖလှယ်ရန်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ၊ မသန်စွမ်းသူများ၏ မိဘများနှင့် ပြုစုစောင့်ရှောက်နေသူများ၊ မသန်စွမ်းအဖွဲ့အစည်းများပိုမိုပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရမှုလျော့နည်းသက်သာစေရန်  “Programme for 3 day– training course on DiDRR in Myanmar” ခေါင်းစဉ်ဖြင့် လုပ်ငန်းအစီအစဉ်တစ်ခုရေးဆွဲတင်ပြခဲ့ပါကြောင်းနှင့်ယင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်းအကောင် အထည်ဖော်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များနှင့်အညီပံ့ပိုးပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြနိုင်သကဲ့သို့ အခြားအာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ကောင်းမွန်သောအလေ့အထများလေ့လာခွင့်ရရှိခဲ့ကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသည့် ဝန်ထမ်းများကသိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကတာဝန်ရှိဌာနများအလိုက် ဆက်လက်ဆောင်ရွက်သင့်သည်များကိုဖော်ထုတ်ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR