တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင် ဦးဆောင်သော ကော်မတီအဖွဲ့ဝင် (၂၀) ဦးဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ထားဝယ်မြို့၌ ၂၇.၁၀.၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ဒေါ်ဆွေဆွေလင်းက တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးကော်မတီဖွဲ့စည်း တာဝန်ပေးအပ်မှုများ၊ ၁.၁.၂၀၂၅ ရက်မှ ၃၀.၉.၂၀၂၅ ရက်ထိ အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များဖြစ်သည့်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပဆောင်ရွက်ခဲ့ခြင်း၊ ဌာနဆိုင်ရာများသို့ အသိပညာပေးဟောပြောခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အခြေခံပညာကျောင်းများသို့ GENDER, CEDAW, NSPAW နှင့် UNSCR1325 အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်ချက်များဖြစ်သည့် အကြမ်းဖက်ခံရသော ကော့သောင်းခရိုင်မှ အမျိူးသမီးငယ်တစ်ဦးနှင့် ကော့သောင်းအကျဉ်းထောင်အတွင်းရှိ အကျဉ်းသူကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ထောက်ပံ့ကြေးပေးအပ်မှုများ၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြ၍ တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နံနက် (၁၁:၁၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR