လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနက အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို (၂၉. ၁၀. ၂၀၂၁) ရက်နေ့ သောကြာနေ့ နံနက် ၁၀:၀၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။



အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လူငယ်များကြားတွင် မူးယစ်ဆေးဝါးရလွယ်ပြီး သုံးစွဲမှုများပြားပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူမှုအဖွဲ့အစည်း၏ပြဿနာ ဖြစ်ပါကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက် ရှင်းလင်း တင်ပြခြင်းဖြင့် စုပေါင်းလေ့လာ(Collective Learning)  ကာ အလယ်အလတ်အရာရှိများ ကို Techinical ပိုင်း၊ ဘာသာရပ်ပိုင်း ကျွမ်းကျင်စေမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင်ကာကွယ်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို စီမံချက်ရေးဆွဲ၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးသင်တန်းသားများကို စနစ် တကျအချက်အလက်ကောက်ခံ၍ Data ရေးသွင်းပြီးလေ့လာဆန်းစစ်၍ Statistic Report ထွက်လာအောင် ဆောင်ရွက်သွားဖို့လိုကြောင်း၊ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး စခန်းများ ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ လွှဲအပ်လာပါက လက်ခံဖွင့်လှစ်နိုင်ရေး မူဝါဒရေးဆွဲထားရမှာဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။



ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက မူးယစ်ဆေးဝါးအသိပညာကို ရှေးဦးအရွယ်ကလေးသူငယ် မှစ၍ ပညာပေးရမှာဖြစ်ကြောင်း၊ Parental Education, Environmental Education, Community Education ပေးရမှာဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ တွင် လူမှုရေးစိတ်ပညာ၊ Counselling နားလည်တတ်ကျွမ်းရမှာ ဖြစ်ကြောင်း၊ မူးယစ်ဆေးစွဲသမားများကို Victim များအဖြစ်သတ်မှတ်၍ Action ရော Care ရော ပေးရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။



ဆက်လက်၍   ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျူဟာစီမံချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။


အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR