ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၆-၂-၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တိုင်းဒေသကြီး၊ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

              ထို့နောက်တက်ရောက်လာသော အဖွဲ့ဝင်များက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။  

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR