မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေးအားယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ကော်မတီဝင်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)အရ  (၂) နှစ်လျှင် (၁) ကြိမ် အစီရင်ခံစာရေးသားခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားဆွေးနွေးကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ(၂/၂၀၂၄) အစည်းအဝေးတွင် တင်ပြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင်လည်းမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကိုVideo Clip ဖြင့် မိတ်ဆက်အသိပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊မဟာဗျူဟာစီမံကိန်း၏ ကနဦးအစီရင်ခံစာရေးသားရေးနှင့်ပတ်သက်ပြီးလုပ်ငန်းကော်မတီဝင်များအနေဖြင့်စီမံကိန်းအကောင်အထည်ဖော်မှု၏အားနည်းချက်၊ အားသာချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ၊ အဖွဲ့ဝင်များက NSPAW (၂၀၂၃-၂၀၃၂)တွင် ပါဝင်သည့်လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR