မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေးအားယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ကော်မတီဝင်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)အရ  (၂) နှစ်လျှင် (၁) ကြိမ် အစီရင်ခံစာရေးသားခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားဆွေးနွေးကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ(၂/၂၀၂၄) အစည်းအဝေးတွင် တင်ပြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင်လည်းမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကိုVideo Clip ဖြင့် မိတ်ဆက်အသိပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊မဟာဗျူဟာစီမံကိန်း၏ ကနဦးအစီရင်ခံစာရေးသားရေးနှင့်ပတ်သက်ပြီးလုပ်ငန်းကော်မတီဝင်များအနေဖြင့်စီမံကိန်းအကောင်အထည်ဖော်မှု၏အားနည်းချက်၊ အားသာချက်များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ၊ အဖွဲ့ဝင်များက NSPAW (၂၀၂၃-၂၀၃၂)တွင် ပါဝင်သည့်လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR