ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပလျှက်ရှိသော(၁၃)ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်လျှက်ရှိရာပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ(၁၅)ရက်နေ့၊ ညပိုင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက တည်ခင်းသော ဂုဏ်ပြုညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အခြားသောအာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဘုရင့်နန်းတော်၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်H.E. Samdech Moha BorvorThipadei Hun Manetနှင့် တွေ့ဆုံခဲ့ပြီး၊(၁၃)ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနေ့ အထိမ်းအမှတ်အခမ်းအနားများသို့တက်ရောက်ခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် Sofitel ဟိုတယ်တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံ-တရုတ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဆက်လက်တက်ရောက်ပါသည်။ အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်နိုင်မှု အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ရေးဆွဲ၍ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အတွက် ဒေသတွင်းရလာဒ်ကောင်းများရရှိခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးကြုံတွေ့ခံစားရချိန်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ချက်ချင်းစေလွှတ်ပေးခဲ့မှု၊ လူသားချင်းစာနာမှု အကူအညီများပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကူညီပေးခဲ့မှုများအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် အာဆီယံဒေသဖြစ်စေရေး အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထည့်သွင်းဆွေးနွေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် (၅) ကြိမ်မြောက် အာဆီယံ-ဂျပန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ် (Disaster Emergency Logistic System for ASEAN- DELSA)ထူထောင်ခြင်းအပါအဝင် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီးတုံ့ပြန်ဆောင်ရွက်ရေးတွင် ဂျပန်နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ကယ်ဆယ်ရေးပစ္စည်းများကူညီထောက်ပံ့ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် (၄) ကြိမ်မြောက် အာဆီယံ-ကိုရီးယား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ   ဝန်ကြီးများအဆင့် အစည်းအဝေး သို့တက်ရောက်ခဲ့ပါသည်။

ထို့နောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ၂၀၂၅ ခုနှစ် အတွက် အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၆ ခုနှစ်တွင် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံသို့ ဥက္ကဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပြီး အစည်းအဝေး ဒုတိယနေ့ အစီအစဉ်များ ပြီးစီးခဲ့ပါသည်။

အစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုးရီးယားသမ္မတနိုင်ငံတို့မှဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR